International News

တရုတ်နှင့်ကမ္ဘောဒီးယားနိုင်ငံတို့အကြားလွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက် ဆွေးနွေးညှိနှိုင်းမှုအောင်မြင်စွာပြီးဆုံးခဲ့ပြီဟု ပြောကြားခဲ့ခြင်း

Last Updated:

တရုတ်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် နှစ်နိုင်ငံအကြား လွတ်လပ်သော ကုန်သွယ် ရေးသဘောတူညီချက် (Free Trade Agreement-FTA) ရရှိရန် ဆွေးနွေးညှိနှိုင်းမှုများ (၆) လခန့် ဆောင်ရွက်ခဲ့ပြီး တရုတ်-ကမ္ဘောဒီးယား လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက် ဆွေးနွေးပွဲ အောင်မြင်စွာ ပြီးဆုံးပြီဖြစ်ကြောင်း တရုတ်နိုင်ငံမှ စီးပွားရေးနှင့်ကုန်သွယ်ရေးဝန်ကြီး Zhong Shanနှင့် ကမ္ဘောဒီးယားနိုင်ငံမှ စီးပွားရေးနှင့် ကုန်သွယ်ရေးဝန်ကြီး Pan Sorasak တို့မှ (၂၀-၇-၂၀၂၀) ရက်နေ့တွင် ပူးတွဲထုတ်ပြန်ကြေညာခဲ့ကြောင်း၊ ယခုဆွေးနွေးပြီးစီးခဲ့သည့် တရုတ်-ကမ္ဘောဒီးယား လွတ်လပ်သောကုန်သွယ်ရေး သဘောတူညီချက် ဆိုင်ရာ ဆွေးနွေးမှုများသည် ကမ္ဘာတစ်ဝှမ်း FTA ဆွေးနွေးညှိနှိုင်းမှုများအနက် အမြန်ဆုံးဖြစ်ကြောင်း၊ ယခုဆွေးနွေးပြီးစီးခဲ့သည့် FTA သည် နှစ်နိုင်ငံအကြားစီးပွားရေးနှင့် ကုန်သွယ် ရေးပူးပေါင်းဆောင်ရွက်မှုများ အခြေ ခိုင်မာစေသည့်အပြင် ကမ္ဘာတစ်ဝှမ်း COVID-19 ရောဂါဖြစ်ပွားမှုကြောင့် ဖြစ်ပေါ်လျက်ရှိသည့် ကန့်သတ်မှုများလျော့နည်းစေရန်၊ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုများတိုးမြှင့်နိုင်ရန်အတွက် လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ နှစ်နိုင်ငံစလုံးအနေဖြင့် သတ်မှတ်ထားသည့် လုပ်ထုံး လုပ်နည်းများ အပြည့်အဝဆောင်ရွက်နိုင်ရန် ၂၀၂၀ ပြည့်နှစ်အတွင်း သဘောတူလက်မှတ်ရေးထိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ တရုတ်နှင့်ကမ္ဘောဒီးယားနိုင်ငံတို့သည် FTA သဘောတူညီချက်ရရှိရန် ဆွေးနွေးဆောင်ရွက်ခြင်းသည် နှစ်နိုင်ငံခေါင်းဆောင်များ၏ ညွှန်ကြားချက်များကို အပြည့်အဝအကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပြီး မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရန်နှင့် အနာဂတ်တွင် မျှဝေသောလူအသိုင်းအဝိုင်းတစ်ခုဖြစ်လာစေရန် ပူးပေါင်း ဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၊ စီးပွားရေးနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံ၊ စီးပွားရေးနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနနှင့့်အတူ ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိပါကြောင်း၊ ကမ္ဘာ့စီးပွားရေးတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကြောင့် အဆင့်တစ်ခုသို့ရောက်ရှိရန် နှစ်နိုင်ငံစီးပွားရေးနှင့် ကုန်သွယ်ရေး လုပ်ငန်းများတိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ်-ကမ္ဘောဒီးယား နိုင်ငံတို့၏ FTA ဆွေးနွေးမှုတွင် Belt and Road Initiative ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းစဉ်များပါဝင်ပြီး ကုန်ပစ္စည်းများ ကုန်သွယ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများအပါအဝင် အခြားကဏ္ဍများ၊ E-Commerce လုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် ပူပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များပါဝင်ကြောင်း တရုတ်နိုင်ငံ၊စီးပွားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားကြောင်း၊ တရုတ်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် FTA ဆွေးနွေးပွဲအား အောင်မြင်စွာ ပြီးဆုံးခြင်းသည် နှစ်နိုင်ငံဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့် အောင်မြင်မှု တစ်ခုဖြစ်ပြီး နှစ်နိုင်ငံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု၊ Belt and Road Initiative တွင်ပူးပေါင်းဆောင်ရွက်မှုကို ထုတ်ဖော်ပြသခြင်းဖြစ်ကြောင်း၊ တရုတ်နှင့် ကမ္ဘောဒီးယားနိုင်ငံ တို့မှ လက်မှတ်ရေးထိုးမည့် FTA သည် COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကြောင့် စီးပွားရေးကျဆင်းမှုများကိုကာကွယ်နိုင်ရန် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုအား အကောင်အထည်ဖော်ခြင်းဖြစ်ပြီး နှစ်နိုင်ငံအကြားဆက်ဆံရေး တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ FTA သဘောတူညီချက်အရ တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံသို့ အထည်အလိပ်ထုတ်ကုန်များပိုမိုတင်ပို့နိုင်မည်ဟု မျှော်မှန်းထား ကြောင်း၊ တရုတ် နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များသည် ကမ္ဘောဒီးယားနိုင်ငံ၌ ဘဏ္ဍာရေးနှင့် ဝန်ဆောင်မှု လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် စီစဉ်လျက်ရှိကြောင်း၊ တရုတ်နှင့် ကမ္ဘောဒီးယားနိုင်ငံအကြား လက်မှတ်ရေးထိုးမည့် FTA သည် အရှေ့တောင်အာရှနိုင်ငံများတွင် ဒေသတွင်းပူး ပေါင်းဆောင်ရွက်မှု အတွက် စံနမူနာပြတစ်ခုဖြစ်စေမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ၊ Chinese Academy of Social Sciences မှ ညွှန်ကြားရေးမှူး ဖြစ်သူ Xu Liping က ပြောကြားခဲ့ ကြောင်း သိရှိရပါသည်။

 

(စီးပွားရေးသံမှူး၊ပေကျင်း)

ရင်းမြစ်: https://www.globaltimes.cn/content/1195137.shtml

Category: International News